Home
မြန်မာသတင်း
ချောက်​မြို့နယ်​၊ ရွာမ​ကျေးရွာတွင် လေပြင်းတိုက်ခတ်၍  နေအိမ်​ ၈၇ လုံး ပျက်​စီး
DVB
·
July 19, 2018
Chauk wind storm 1
မကွေးတိုင်းဒေသကြီး၊ ​ချောက်​မြို့နယ်​၊ ရွာမ​ကျေးရွာမှာ ဇူလိုင် ၁၈ ရက်ညက ​လေပြင်း​ကြောင့် နေအိမ်​ ၈၇ လုံး ပျက်​စီး ဆုံးရှုံးခဲ့​တယ်လို့ ချောက်​မြို့နယ်​ မီးသတ်​ဦးစီးဌာနက သိရပါတယ်။ မိုးသက်​​လေပြင်း တိုက်​ခတ်​ခဲ့​တာကြောင့် ချောက်​မြို့နယ်​၊ ရွာမ​ကျေးရွာအုပ်​စု ရွာမ​ကျေးရွာမှာ ​နေအိမ်​ ၄၆ လုံး အမိုး​လန်​၊  ​နေအိမ်​ ၃ လုံးပြိုကျသွားကာ နေအိမ် ၃၈ လုံးကတော့ အမိုးအားလုံးလန်​သွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးညွန့်​က ပြောပါတယ်​။ လူနဲ့ တိရစ္ဆာန်​တွေကတော့ ထိခိုက်​မှုမရှိ​ဘဲ ဆုံးရှုံးမှုတန်​ဖိုး သိန်း ၁၅၀​ ကျော်​ရှိတယ်လို့ သိရပါတယ်။ ​ချောက်​မြို့မရဲစခန်းနဲ့ ချောက်​မြို့နယ်​ မီးသတ်​တပ်​ဖွဲ့တွေကတော့ လေဘေးဒဏ်ခံရသူတွေအတွက် လုံခြုံ​ရေးနဲ့ ကယ်​ဆယ်​​ရေးလုပ်​ငန်းတွေ သွား​ရောက်​ ​ဆောင်​ရွက်​နေပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024