Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် လေပြင်းတိုက်ခတ်၊ နေအိမ်အချို့ ပျက်စီး
DVB
·
May 10, 2018
InnTaw windy 1
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲရှိ ကျေးရွာတွေမှာ မေ  ၉ ရက်ညက လေပြင်းတိုက်ခတ်လို့ လူနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် လယ်ပြင်ကျေးရွာ၊ ဆိပ်သာကျေးရွာ၊ နံ့သာကျေးရွာအုပ်စုရှိ တုံ့တော်ကျေးရွာတွေမှာ လူနေအိမ်တွေ ပျက်စီးပြီး လျှပ်စစ်ကွန်ကရစ်တိုင်တွေ ကျိုးကျခဲ့ပေမယ့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် လယ်ပြင်ကျေးရွာ၊ ရွှေမြန်မာပန့်ဆိုင်နားမှာ လျှပ်စစ်လိုင်းကြိုးပေါ် သစ်ပင်ကျိုးကျပိမိခဲ့ပြီး လျှပ်စစ်ကွန်ကရစ်တိုင် ၃ တိုင်ကျိုးကျခဲ့ပါတယ်။ ဆိပ်သာကျေးရွာမှာ ကျောင်းဆရာ နေအိမ်တလုံး အမိုးလန် ပျက်စီးခဲ့ပြီး နန့်သာကျေးရွာအုပ်စု တုံ့တော်ကျေးရွာမှာ လျှပ်စစ်ကွန်ကရစ်မီးတိုင် ထက်ပိုင်းကျိုးကျကာ နေအိမ်တလုံး လေထဲ လွင့်ပါပျက်စီးခဲ့ပါတယ်။ သတင်း - ခင်ဆွေ(မော်လူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024