Home
မြန်မာသတင်း
ချောက်မြို့နယ်တွင် ဘုရားမီးပူဇော်ရာမှမီးလောင်၊ နေအိမ်​ ၁၃ လုံး ဆုံးရှုံး
DVB
·
March 11, 2019
fire
မ​ကွေးတိုင်းတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ ဆင်​က​ကျေးရွာမှာ​ ဘုရားမီးပူ​ဇော်​ရာကနေ မီးစတင်​​လောင်​ကျွမ်းတာကြောင့် ​နေအိမ်​ ၁၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ချောက်​မြို့နယ်​ မီးသတ်​ဦးစီးထံက သိရပါတယ်​။ ည ၁၀ နာရီဝန်းကျင် အချိန်​လောက်က ဆင်​က​ကျေးရာ​နေ ဦးရန်​ကြီး​အောင်​​နေအိမ်​ ဘုရားစဉ်​မှာ ဖ​ယောင်းတိုင်​မီးပူ​ဇော်​ထားရာက ​နေအိမ်​ထန်းရွက်​အကာကို ကူးစက်ပြီး မီးစတင်​​လောင်​ကျွမ်းခဲ့တာပါ။ ​ချောက်​မြို့နဲ့ ၉ မိုင်​လောက်အကွာ အခင်းဖြစ်​​နေရာကို ​မီးသတ်တပ်ဖွဲ့ဝင်တွေက  မီးသတ်​ယာဉ်​ ၆ စီး ​ရေသယ်​ယာဉ်​ ၃ စီးတို့နဲ့ သွား​ရောက်​ငြှိမ်းသတ်​ခဲ့​ကြောင်း သိရပါတယ်​။ ဆုံးရှုံးမှု တန်​ဖိုး ၅ သိန်းလောက် ပျက်​စီးဆုံးရှုံးခဲ့ရပြီး လူနဲ့တိရစ္ဆာန်​ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်​။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးရန်​ကြီး​အောင်​အား ​​မီးပေါ့ဆမှုနဲ့ အမှုဖွင့်အ​ရေးယူထား​ကြောင်း သိရပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024