ချောက်မြို့တွင် သစ်ပင်လဲပြိုမှုကြောင့် လူ ၃ ဦး ထိခိုက်
DVB
·
June 10, 2018
မကွေးတိုင်းဒေသကြီး ချောက်မြို့ လမ်းမတော်လမ်းမှာ သစ်ပင်လဲပြိုကျမှုကြောင့် လူသုံးဦး ထိခိုက်ခဲ့ကြောင်း ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မွန်းတဲ့ ၁၂ နာရီကျော်အချိန်လောက်က လမ်းမတော်လမ်း၊ ခိုင် ဖုန်းဆိုင်ရှေ့ရှိ တမာပင် လဲပြိုကျမှုကြောင့် ဆိုင်ကယ် ၂ စီးနဲ့သွားနေတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့တာပါ။
သုံးဦးထဲက အောင်ဇင်ဖြိုးဟာ စိုးရိမ်ရအခြေနေကြောင့် မကွေးပြည်သူ့ဆေးရုံကို လွှဲပြောင်းခဲ့ရကြောင်း၊သစ်ပင်လဲကျမှုကြောင့် ဆက်သွယ်ရေးဖုန်းတိုင် ၂ တိုင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ချောက်မြိုနယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သစ်ပင်လဲပြိုမှုကြောင့် ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ခဲ့ရပြီး နေ့ခင်း ၂ နာရီလောက်မှာ ရှင်းလင်းနိုင်ခဲ့ကြောင်း ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးညွန့်က ပြောပါတယ်။
ကိုလင်း(ချောက်)