ချောက်မြို့ လေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့
DVB
·
July 21, 2018
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ရွာမကျေးရွာမှ လေဘေးသင့်ပြည်သူတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းနဲ့ ထောက်ပံ့ငွေ ကျပ်သိန်း ၂၇ ကျော်ကို ဒီနေ့မွန်းလွဲပိုင်းက သွားရောက်ပေးအပ်ခဲ့တယ်လို့ ယင်းမြို့နယ်ထွေအုပ်ရုံးက သိရပါတယ်။
အိမ်ပြိုသစ်ပင်ပိ ၆ လုံးအတွက် ထောက်ပံငွေ တအိမ်ကို ၁ သိန်း၊ အိမ်တခြမ်းပျို တလုံးအား ၅ သောင်းကျပ်နဲ့ အိမ်အမိုးများလန်သွားသော ၅၁ လုံးကို တအိမ် ၃ သောင်းကျပ်စီ အိမ်ပြုပြင်စရိတ် ထောက်ပံ့ပေးပြီး အိမ်ပြို ၃ လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်၊ သစ်ပင်ပိ၊ တခြမ်းပြို ၅၅ အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုး၊ အိမ်ထောင်စု ၅၈ စု၊ လူဦးရေ ၂၇၁ ဦးအတွက် ဆန်ဖိုး ထောက်ပံ့ ငွေ လူတဦးကို တပတ်စာဆန်ရိက္ခာ ၂၁ဝဝ ကျပ်နဲ့ အားလုံး ၅၆၉၁ဝဝ ကျပ်နဲ့ စုစုပေါင်း ထောက်ပံ့ငွေ ၂၇၄၉၁ဝဝ ကို ပေးအပ်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၈ ရက် ညပိုင်းက လေပြင်း တိုက်ခတ်ခဲ့လို့ ရွာမကျေးရွာအုပ်စု ရွာမကျေးရွာမှာ နေအိမ် ၈၇ လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများတဲ့ နေအိမ် ၅၈ လုံးကို ထောက်ပံ့ပေးအပ်ခဲ့တာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ကိုလင်း(ချောက်)