Home
မြန်မာသတင်း
ခေတ်မီ ဝက်အသားသတ်စက်ရုံ မန္တလေးတွင် တည်ဆောက်ပြီးစီး
DVB
·
May 4, 2018
MDY Pig Butchery 4
MDY Pig Butchery 3
MDY Pig Butchery 1
MDY Pig Butchery 2
မန္တလေးတိုင်းမှာ ပထမဆုံး ဝက်ကောင်လုံး သီးသန့်ခေတ်မီ သားသတ်စက်ရုံကို တောင်အင်း မြောက်အင်းမှာ တည်ဆောက်ပြီးစီးခဲ့ပြီး မေလကုန်မှာ စတင်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဈေးနှင့် သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က “သန့်ရှင်းလတ်ဆတ်ပြီး ခေတ်မီကိရိယာကို သုံးထာတဲ့ ဝက်အသားသတ်စက်ရုံပါ။ ကျနော် သိရသလောက် တနိုင်ငံလုံးမှာ ပထမဆုံး ဝက်အသားသတ်စက်ရုံကို တပ်ဆင်တည်ဆောက်ပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဘေးကင်းလုံခြုံတဲ့ အစားသောက်ကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ သားသတ်စက်ရုံကို တင်သွင်းမယ့် ဝက်ကို တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက စစ်ဆေးပြီးမှ အသားထုတ်လုပ်မှာ ဖြစ်ပါတယ်။ တရက်ကို ဝက်အကောင်ရေ ၁၈၀ နဲ့ ၂၀၀ ကြား ထုတ်လုပ်ဖို့ ရာထားပါတယ်။ တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ စည်ပင်သာယာကော်မတီ ဘတ်ဂျတ်နဲ့ ဆောက်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံက စက်ကိရိယာ အပါအဝင် ကျပ်သိန်းပေါင်း ၅၉၀၀ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ပညာရှင်ကိုယ်တိုင် ဝက်အသားသတ်စက်ရုံအတွက် လုပ်ငန်းခွင်သင်တန်းပေးပြီး ဆောင်ရွက်နေတယ်လို့ စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ အရင်က မန္တလေးမှာ  ဝက်အသားသတ်ရုံကို ၄၁ လမ်းမှာ ဆောင်ရွက်တာရှိပေမယ့် မြို့တွင်း လူနေအိမ်နဲ့နီးတာ၊ ပတ်ဝန်းကျင် အညစ်ကြေး ဖြစ်ပေါ်တာကြောင့် လက်ရှိမှာ မြို့တောင်ဘက် တောင်အင်း မြောက်အင်းကို ရွှေ့ပြောင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024