မန္တလေး ကျုံးဘေးရှိ အိုဟောင်းသံပန်းများ အစားထိုးပြုပြင်နေ (ဓာတ်ပုံ)
DVB
·
February 14, 2018
မန္တလေးမြို့ ကျုံးဘေးမှာ တပ်ဆင်ထားတဲ့ အိုဟောင်းနေတဲ့ သံပန်းတွေနေရာမှာ အစားထိုး ပြုပြင်ဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ညက စတင်ပြီး လုပ်ဆောင်နေပါတယ်။
အခုချိန်မှာတော့ ကျုံးတောင်ဘက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၃ လမ်းလောက်ထိ အိုဟောင်းနေတဲ့ သံပန်းတွေကို ပြန်လည်ဖြုတ်သိမ်းနေတာပါ။
ဇန်နဝါရီလ ၁၆ ရက်နေ့က မြို့တော်ဝန် ဒေါက်တာရဲလွင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကျုံးဘေးမှာ တပ်ဆင်သွားမယ့် လက်ရန်းတွေရဲ့ ပုံစံကိုတင်ပြီး ပြည်သူတွေကို ရွေးချယ်စေခဲ့ပါတယ်။
ကျုံးနဲ့ လိုက်ဖက်မယ့် ပုံစံတွေကို ရွေးချယ်ရာမှာ ရေရှည်တည်တံ့ ခိုင်မြဲစေမယ့် စတီးလက်ရန်းတွေကို အသုံးပြုသွားမယ်လို့ ပြောပါတယ်။
လက်ရှိ အသုံးပြုထားတဲ့ လက်ရန်းတွေက တနေ့ကို ၅ ခုလောက် ပြုတ်ထွက်နေတယ်လို့လည်း သိရပါတယ်။