Home
မြန်မာသတင်း
မြိတ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စမ်းသပ်ကုသပေး
DVB
·
December 9, 2017
wom
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလေးဆေးရုံကြီးမှာ ဒီဇင်ဘာ ၈ ရက်နေ့က သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စမ်းသပ်ကုသပေးနေပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)၊ မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးတွေနဲ့ ရန်ကုန်မှ အထူးကုပါမောက္ခဆရာဝန်ကြီးတွေ ပူးပေါင်းပြီး စမ်းသပ်ကုသပေးနေတာပါ။ မြိတ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက  "သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အမျိုးသမီးလူနာတွေကို စမ်းသပ်စစ်ဆေးပေးပါတယ်။ အဓိက အမျိုးသမီးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်ပွားတတ်တဲ့ သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ပြီး ရောဂါရှာဖွေပေးခြင်းဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေရှိတဲ့ အမျိုးသမီးတွေကို စမ်းသပ်ဖော်ထုတ်ပြီး ကုသပေးတာပါ။ မြိတ်ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ကုသမှုမလုံလောက်ရင် ရန်ကုန်မှ သားဖွားမီးယပ်ဆေးရုံကြီးနှင့်ချိတ်ဆက်ပြီး ဆက်လက်ကုသမှု ခံယူနိုင်ရန်လည်း စီစဉ်ပေးသွားပါ့မယ်" လို့ ပြောကြားခဲ့ပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါ စမ်းသပ်ကုသမှုခံယူတဲ့ လူနာ ၁၄၄ ဦး လာရောက် စမ်းသပ်ကုသနေကြောင်း သိရပါတယ်။ သားအိမ်ခေါင်းကင်ဆာစမ်းသပ်မှုခံယူတဲ့ မြို့သစ် ၄ ရပ်ကွက်မှ ဒေါ်ဥမ္မာချိုက "သားအိမ်ခေါင်းကင်ဆာ စမ်းသပ်စစ်ဆေးပေးတဲ့အတွက်ကြောင့် ကျမလို ရောဂါမရှိသူတွေ မိမိကိုယ်ယုံကြည်မှုရှိပြီး၊ ရောဂါရှိတဲ့သူတွေလည်း ဆက်လက်ဆေးကုခွင့်ရပြီး လူ့သက်တမ်းစေ့ နေနိုင်အောင် မြိတ်ဆေးရုံကြီးက ဦးဆောင်ဦးရွက်စီစဉ်ပြီး စမ်းသပ်ကုသပေးတဲ့ အထူးကုဆရာဝန်ကြီးတွေကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါဟာ အသက် ၂၅ နှစ် မှ ၆၅ နှစ်အထိ အမျိုးသမီးတွေ အဖြစ်များတဲ့အတွက် စမ်းသပ်ကုသမှုတွေ ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024