Home
မြန်မာသတင်း
မြိတ်တွင် အထပ်မြင့်အဆောက်အုံ ငြှိမ်းသတ်နိုင်မည့် မီးသတ်ယာဉ် လိုအပ်နေ
DVB
·
February 4, 2018
fire car
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ လူနေမှု အဆင့်တန်း မြင့်မားလာတာနဲ့အမျှ အထပ်မြင့် အဆောက်အုံတွေ များပြားလာနေလို့ အထပ်မြင့်အဆောက်အုံတွေ ငြှိမ်းသတ်နိုင်မယ့် မီးငြိမ်းသတ်ယာဉ်တွေ လိုအပ်နေကြောင်း မြိတ်မြို့နယ် မီးသတ်စခန်းဦးစီးဌာနရုံးက ပြောပါတယ်။ မြိတ်မြို့နယ်မှာ မြို့ပေါ် ၁၂ ရပ်ကွက်နဲ့ ကျေးရွာ ၂ ရွာအပါဝင် စုစုပေါင်း ၁၄ ရပ်ကွက်ရှိကာ လက်ရှိမှာ မြို့ထဲ အထပ်မြင့် အဆောက်အုံး အလုံးရေ ၁၀၀ မှ ၁၅၀ အကြား ရှိနေကြောင်း သိရပြီး အထပ်မြင့် အဆောက်အုံတွေမီးလောင်ရင် ငြှိမ့်းသတ်နိုင်မယ့် မီးငြိမ်းသတ်ယာဉ် မရှိသေးဘူးလို့ သိရပါတယ်။ “ကျနော်တို့ မြိတ်မြို့မှာ အထပ်မြင့် အဆောက်အုံးတွေ များလာနေပါပြီ။ အမြင့်ဆုံးဆိုလျှင် ၉ ထပ်အထိ ရှိနေတာ တွေ့ရပါတယ်။ အလုံးရေ အနေနဲ့ကတော့ ၁၀၀ ကျော် ရှိပါနေပါတယ်။ လက်ရှိ ကျနော်တို့မှာ ရှိနေတဲ့ ယာဉ်တွေနဲ့ အထပ်မြင့် အဆောက်အုံတွေမှာ မီးဘေးအန္တရာယ်တွေ ကျရောက်လာရင် လုပ်ဆောင်ဖို့ အခက်အခဲ ရှိနေတယ်” လို့ မြိတ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ ဦးဇော်ဝင်းက ပြောပါတယ်။ မြိတ်မြို့မှာ အထပ်မြင့် အဆောက်အုံတွေ များပြားလာမှုကြောင့် အထပ်မြင့် အဆောက်အုံတွေကို ငြှိမ်းသတ်နိုင်မယ့် မီးငြိမ်းသတ်ယာဉ်တစီး ချပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ တာဝန်ရှိသူက ထပ်ပြောပါတယ်။ မြိတ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေကို လက်ရှိမှာ အထပ်မြင့် မီးငြိမ်းသတ်ရေး သရုပ်ပြ သင်တန်းတွေ၊ အထပ်မြင့် မီးသတ်ယာဉ်မှ လှေကားထောင်ပြီး မီးထိန်းတာ၊ အထပ်မြင့် မီးငြှိမ်းသတ်ရေး ဗျူဟာ အဆင့်ဆင့် ပြုလုပ်တာ၊ မီးခိုးမှုတ် စက်နဲ့ လေ၀င်လေထွက် ပြုလုပ်တာ၊ အခန်းတွင်း မီးငြိမ်းသတ်ရေး နည်းပညာများ သရုပ်ပြခြင်းတာတွေ လေ့ကျင့်သင်ကြားနေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဇော်မြိတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013