တပ်မတော်က မီဒီယာသမားများကို တရားစွဲထားသည့်အမှုများ ပြန်ရုပ်သိမ်းမည်
နော်နိုရင်း
·
September 1, 2017
မြန်မာ့တပ်မတော်က မီဒီယာသမားတွေအပေါ် တရားစွဲဆိုထားတဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ရဲဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
“မှန်ပါတယ်။ ရုပ်သိမ်းတာတော့ မှန်ပါတယ်။ နောက်မှ ကြေညာချက် ထွက်လာပါလိမ့်မယ်။ နောက်တော့မှကြည့်လိုက်ပါ။ ရုပ်သိမ်းတာတော့မှန်ပါတယ်။ ကျန်တာတော့ အစ်ကိုတို့ ထုတ်ပြန်ပေးပါမယ်။”
တပ်မတော်က ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက် ၃ ဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲထားတဲ့အမှု၊ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ စွဲထားတဲ့အမှုတွေ ရှိပါတယ်။