Home
မြန်မာသတင်း
ကော့ကရိတ်သီးသန့် အချုပ်ခန်း ဖောက်ထွင်းခံရ၊ အချုပ်သား ၆ ဦး လွတ်မြောက်နေ
DVB
·
June 4, 2017
Crime news
  ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သီးသန့်အချုပ်ခန်း မနေ့ညက အဖောက်ခံရပြီး အချုပ်သား ၆ ယောက် ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ကော့ကရိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ပြောပါတယ်။ မနေ့ည ၁၀ နာရီလောက်က အချုပ်သားတွေက အချုပ်ဆောင်ခေါင်မိုးကိုဖောက်ပြီး အချုပ်သား ၇ ယောက် ထွက်ပြေးရာ ၁ ယောက်ကို ပြန်လည်ဖမ်းဆီးရမိပြီး ကျန် ၆ ယောက် ထွက်ပြေး လွတ်မြောက် သွားတာလို့ ပြောပါတယ်။ “၇ ယောက်မှာ တယောက်ပြန်မိတယ်။ ၆ ယောက်လွှတ်သွားတယ်။ ခေါင်မိုးကနေ ဖောက်သွား တယ်။ သူတို့ဟာသူတို့ဖောက်တာ။ အားလုံး အမျိုးသားတွေချည်းပဲ။ ” ထွက်ပြေးလွတ်မြောက်သွားသူတွေဟာ လွန်ခဲ့လအနည်းငယ်က မူးယစ်ဆေးဝါးမှု၊ လက်နက်မှု တွေနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ကော့ကရိတ်မြို့နယ်က ဒေသခံတွေ ဖြစ်တယ်လို့ ပြောပါ တယ်။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း  မူးယစ်ဆေးဝါးမှုနဲ့ ကော့ကရိတ်ကနေ ဘားအံမြို့မှာ တရားရုံးထုတ်တဲ့အမျိုးသမီးတဦး ဘားအံကနေ ကော့ကရိတ်အပြန် မိုင်တိုင် ၈ လောက်မှာ ပြန်လမ်းမှာ အရပ်ဝတ်လက်နက်ကိုင်အချို့က ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး အဆိုပါ အမျိုးသမီးကို လူယူခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကော့ကရိတ်ခရိုင်ရဲတပ်သားတဦးလည်း သေနတ်ထိမှန်သေဆုံး ခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013