Home
မြန်မာသတင်း
ပင်လောင်းတွင် အချုပ်သား ၅ ဦး အချုပ်ခန်းဖောက်ထွက်ပြေး
နန်းမြနဒီ
·
February 22, 2017
16910651_1251336498253108_822586566_o
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှာ ဒီကနေ့မနက်က အချုပ်သား ၅ ဦး အချုပ်ခန်းဖောက်ထွ က်ပြေးသွားပါတယ်။ ဒီကနေ့မနက် ၄ နာရီ နဲ့ ၅ နာရီကြားမှာ ပင်လောင်းမြို့နယ်ရဲစခန်းမှာရှိတဲ့ အချုပ်သား ၅ ဦး အချုပ်ခန်းဖောက်ထွက်ပြေးသွားပြီး တဦးကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ပင်လောင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံ ခွန်ပိုင်ဖြိုးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော့်အသိ ရဲတယောက်က ပြောပြတာ ဒီမနက် ရဲစခန်းမှာ အချုပ်သား ၅ ယောက်ထွက်ပြေး သွားတယ်တဲ့၊ သူတို့က ကင်းမှူးကို ရေနွေးပူနဲ့လောင်းတယ်။ မျက်နှာကိုလည်း ငရုပ်သီးထောင်းရေနဲ့ ပက်ပြီး ထွက်ပြေးသွားတယ်။ အချုပ်သားတွေ လွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး ကင်းမှူး တပ်ကြပ် ကျော်ကျော်လတ်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီ အရေးယူနေတယ်။ အဲဒီ ၅ ယောက်မှာ တယောက်က ပြန်လည်ဖမ်းဆီးရမိတယ်ပေါ့နော်၊ ကျန်တဲ့ ၄ ယောက်ကို ဖမ်းမိဖို့ အခု ပင်လောင်း တမြို့လုံးကို ရဲတွေ ပိုက်စိပ်တိုက်ရှာနေကြတယ်” လွတ်မြောက်နေတဲ့ အကျဉ်းသား ၄ ယောက်ဟာ မူးယစ်မှုနဲ့ ထောင် နှစ်ရှည် ကျခံရမယ့် ကျော်နိုင်၊ မင်းမင်းလတ်၊ ခွန်ထွန်းလင်း၊ မောင်အေးတို့ဖြစ်ပြီး ရန်ကုန်၊ လွိုင်ကော်၊ ပဲခူးနဲ့ ဖယ်ခုံဒေသက လူတွေလို့သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေမေးမြန်းဖို့အတွက် ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ်ရုံးနဲ့ ရှမ်းပြည်နယ်ရဲတပ်ဖွဲမှူးရုံးကိုပါ ကြိုးစားဆက်သွယ်ပေမယ့်လည်း အဆက်အသွယ် မရရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013