Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ မြင့်တက်လာနေ၊ လှေသင်္ဘောများ ဂရုပြုသွားလာရန်သတိပေး
DVB
·
April 5, 2017
17155731_1451794081497911_308731040569389160_n
  မန္တလေးမြို့၊ သပိတ်ကျင်းမြို့၊ မြင်းမူမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ ဧရာဝတီမြစ်ရေဟာ ၃ ရက်အတွင်း ၂ ပေကနေ ၆ ပေခွဲအထိ မြင့်တက်ခဲ့လို့ မြစ်ကြောင်းသွား ရေယာဉ်၊သင်္ဘောတွေ ဂရုပြုသွားလာကြဖို့ မိုးဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။ အဲဒီမြို့တွေမှာမြင့်တက်ခဲ့တဲ့ မြစ်ရေကြောင့် နောက် ၁ ရက်ကနေ ၃ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူနဲ့ ညောင်ဦးမြို့တို့မှာ ၁ ပေခွဲကနေ ၄ ပေ ခန့်အထိ မြင့်တက်မယ်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် စတဲ့ မြို့တွေမှာလည်း ၁ ရက်ကနေ ၆ ရက်အတွင်း ၁ ပေကနေ ၂ ပေခွဲလောက်အထိ ရေတက်နိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024