မီဒီယာနှင့်ဆက်ဆံမှု တိုးမြှင့်သွားမည်ဟု ရဲတပ်ဖွဲ့ပြော
DVB
·
October 1, 2015
မီဒီယာကတဆင့် ပြည်သူလူထုကို အသိပေးတာဟာ ပွင့်လင်းမြင်သာမှုဆိုတဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တာကြောင့် ရဲတပ်ဖွဲ့နဲ့ မီဒီယာဆက်ဆံမှု တိုးမြှင့်သွားဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ ၅၁ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။
သတင်းဓာတ်ပုံ - မြတ်သူရဦး