Home
မြန်မာသတင်း
ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှု ၅၀ ရာခိုင်နှုန်းကျော်ပြီးစီး
DVB
·
September 2, 2015
UEC Tin Aye6
UEC Tin Aye1
u tin aye
information center
၂၀၁၅  အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၂ လကျော်သာ လိုပြီး ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ထားမှုဟာ ၅၀ ရာခိုင်နှူန်းကျော် ပြီးစီးသွားပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ "ပြောရရင်တော့ ၅၀ ကျော် ၆၀ ရာခိုင်နှူန်းပြီးစီးသွားပြီလို့ ပြောရပါတယ်။ ဘာလို့လဲဆိုတော့ တချို့ပစ္စည်းတွေရောက်သွားပြီ၊ ပုံးတို့ဘာတို့ပေါ့နော်။ ၅၀ လောက်တော့ ပြောမယ်ဆို ပြောလို့ရတာပေါ့။ နည်းတယ်လို့လည်း ပြောလို့ရပါတယ်။" ရွေးကောက်ပွဲအတွက် တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကိုတော့ စက်တာဘာ ၁၄ ရက်နေ့ ကြေညာသွားမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ရေဘေးသင့်ဒေသတွေမှာလည်း မဲရုံပြုလုပ်မယ့် စာသင်ကျောင်းတွေ ပျက်စီးသွားတဲအတွက် ပြန်လည်ပြင်ဆင်ရဦးမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင့် ပြင်ဆင်မှု ကဏ္ဍတရပ်ဖြစ်တဲ့ မဲလက်မှတ်ရိုက်နှိပ်ဖို့ အပိုင်းကိုတော့ ကိုယ်စားလောင်းစာရင်း အပြီးသတ်ထွက်ပြီးမှသာ လုပ်ဆောင်နိုင်မယ်လို့ ဦးတင်အေးက ပြောပါတယ်။ "အရေးကြီးတာက မဲလက်မှတ်ပဲ။ မဲလတ်မှတ်က ဘာကြောင့်လဲဆိုတော့ အခုချိန်ရိုက်လို့ မရသေးဘူး။ ကိုယ်စားလှယ်လောင်းတွေ မကြေညာရသေးဘူး။ ကိုယ်စားလှယ်လောင်းကြေညာမှ ကျနော်တို့က မဲလက်မှတ် စရိုက်ရမှာပါ။ ကိုယ်စားလှယ်လောင်းကလည်း နောက် ၂ ရက် ၃ ရက်ဆို အတည်ပြုပါမယ်။” ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးသွားမယ်လို့ ကတိပေးထားပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတာကိုတော့ ဥပဒေနဲ့ တိုင်းတာနိုင်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013