ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို တာချီလိတ်ဘက် ပြန်ပို့
DVB
·
July 29, 2015
ထိုင်းနိုင်ငံတွင်း တရားမ၀င်နေထိုင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ တာချီလိတ်ကို ဒီနေ့ လွှဲပြောင်းပေးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေက အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး ဘန်ကောက်ကို သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူထဲမှာပါတဲ့ ရှမ်းပြည်တောင်ပိုင်း နေထိုင်သူ ကိုခွန်စိုးဇော်က "ဘန်ကောက်သွားတဲ့လမ်းမှာ ဖမ်းခံရတာ၊ အချုပ်ထဲမှာနဲ့ ထောင်ထဲမှာဆိုရင် ၁ လကျော် ကြာတယ်" လို့ ပြောပါတယ်။
သူတို့ကို ထိုင်းရဲတပ်ဖွဲ့က ဘတ် ၄၀၀၀ တောင်းခံကြောင်း၊ မပေးနိုင်တဲ့အတွက် အခုလို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပေးတာလို့ ဆိုပါတယ်။
ပြန်လည်လွှဲပြောင်းရာမှာ မြန်မာနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့တွေက လက်ခံခဲ့ပါတယ်။