Home
ရုပျသံ
မြန်မာက ၄ ဦးအပါအ၀င် ဘာသာရေးဖိနှိပ်ခံ ၂၇ ဦးကို သမ္မတ ထရမ့်တွေ့ဆုံ (ရုပ်သံ)
DVB
·
July 18, 2019
trump
ဘာသာရေးနှိပ်ကွပ်မှုကြောင့် ထွက်ပြေးလာကြတဲ့  မြန်မာနိုင်ငံကလာသူ ၄ ဦးအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံက လူပုဂ္ဂိုလ် ၂၇ ဦးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီမှာ ဇူလိုင် ၁၆ ကနေ ၁၈ ရက်အထိ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာဝန်ကြီးများအဆင့် အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ်  သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ဖိတ်ခေါ် တွေ့ဆုံခဲ့တာပါ။ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ကချင်ဘာသာရေးခေါင်းဆောင် Dr. Samson Hkalam က “ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းကပါ။ မြန်မာနိုင်ငံမှာ ကျနော်တို့ ခရစ်ယာန်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ် နေပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ဖို့ အခွင့်အရေးလည်း သိပ်မရကြပါဘူး။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက မြန်မာအစိုးရကို ခုခံတိုက်ခိုက်aနရပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ တိုင်းရင်းသားလူနည်းစုတွေကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်တွေကို ဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်aရးအတွက် အကူအညီပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ မနေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့ အတွက်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ Dr. Samson Hkalam ဟာ ကချင်ပြည်နယ် ဒုက္ခသည်တွေအရေး လိုက်ပါဆောင် ရွက်ပေးနေတဲ့ KBC ကချင်နှစ်ချင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးတဦး ဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့ တွေ့ဆုံခွင့်ရသူတွေကတော့ Dr. Samson Hkalam၊ ကချင်ပြည်နယ်မှာရှိတဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး ကျောင်းတွေကို တပ်မတော်က ဗုံးခွဲဖျက်ဆီးခဲ့တာတွေကို သတင်းထောက်တွေကို လိုက်ပြီးပြသခဲ့လို့ တပ်မတော်ရဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရသူ ကချင်သင်းအုပ်ဆရာ နှစ်ဦးထဲက တဦးဖြစ်သူ လန်ဂျော်ဂမ်ဆိုင်း၊ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ Mohib Ullah၊ Women’s Peace Arakan နဲ့ Justice for Women အဖွဲ့တွေကို တည်ထောင်ခဲ့သူ မဝေေ၀နုတို့လည်း ပါဝင်ပါတယ်။ သမ္မတထရမ့်ဟာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ သိရီလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ ဆူဒန်၊ ရီမင်၊ အီရီထရီးယား၊ တူရကီစတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကြောင့် အသက်မသေဘဲ လွတ်မြောက်လာသူပေါင်း ၂၇ ဦးကို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။ အေဘီစီသတင်းဌာနက တင်ဆက်ခဲ့တဲ့ ဒီတွေ့ဆုံမှု ရုပ်သံဗီဒီယို ပြန်လည်မျှ ဝေမှုတွေနဲ့အတူ အွန်လိုင်းပေါ်မှာတော့ လူကြည့်များနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013