Home
သတင်းဓာတ်ပုံ
ပဲခူးမြို့ ဖောင်တော်ဦးရပ်ကွက်တွင် ကမ်းပါးပြို (သတင်းဓာတ်ပုံ)
DVB
·
July 24, 2015
11752487_1622012638083779_1992703532708172105_n
11751887_1622012668083776_3103196521319493491_n
11745686_1622012601417116_251100816609751961_n
11059942_1622012558083787_748138242102109926_n
10981914_1622012684750441_1083851540383149568_n
ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း ဖောင်တော်ဦးရပ်ကွက် မဇင်းချောင်းဘေးမှာ မိုရေများမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ခဲ့ပါတယ်။ ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း စည်ပင်ဝန်ကြီး ဦးရဲမြင့်ထွန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လာကြည့်ပြီး ကမ်းပြိုတာကို ဆောင်ရွက်ပေးမယ်လို့ ပြောပေမယ့် ခုချိန်ထိ လာရောက်လုပ်ပေးတာ မရှိဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးနဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ “အခုဆို တချို့အိမ်တွေက ပြိုကျကုန်ပြီ။ တချို့ကျ ပြိုလုဆဲဆဲ ဖြစ်နေတော့ အိမ်မှာမနေရဲလို့ ပြောင်းရွှေ့နေကြတယ်။ ကျမတို့မှာဆို ညဘက်မြေကြီးခဲတွေ ရေထဲပြုတ်ကျတဲ့ အသံတွေက အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေက အမြန်ဆုံး ချောင်းကမ်းနံဘေးကို ခိုင်ခိုင်မာမာ လုပ်စေလိုပါတယ်” လို့  ဒေသခံတဦးက ပြောပါတယ်။ သတင်းဓာတ်ပုံ - ကိုသားကြီး (ပဲခူး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024