Home
မြန်မာသတင်း
အိုင်အက်စ်ကို တိုက်နေသည့် ဖရီးဘားမားရိန်းဂျား (ရုပ်သံ)
DVB
·
July 22, 2015
Free Burma Rangers
အစ္စလာမ္မစ်နိုင်ငံ (အိုင်အက်စ်) တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံ မူဆို အနောက်ဘက် ရှေ့တန်း စစ်မြေပြင်က ကာဒစ်ရှ်တပ်ဖွဲ့တွေကို ထိုင်း-မြန်မာနယ်စပ်က ဖရီးဘားမားရိန်းဂျား ခေါ် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအဖွဲ့ (အက်ဖ်ဘီအာရ်) က ဆေးဝါးထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပါတယ်။ မေလက အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း ဂရင်းဘာရတ်၊ ခရစ်ယာန် မစ်ရှင်အဖွဲ့က ဒေးယူဘန့်တို့ ခေါင်းဆောင်ပြီး သွားရောက်ခဲ့တာပါ။ ဒီအဖွဲ့မှာ အမေရိကန် သွားဆရာဝန်၊ ကရင် ဆေးမှူးနဲ့ ကရင်နီ ဗွီဒီယို သမားတဦးတို့ ပါဝင်ပါတယ်။ ကရင်နီ ဗွီဒီယိုသမားက စစ်ဆင်ရေးနဲ့ လူသားခြင်း စာနာထောက်ပံ့မှုတွေ လုပ်ဆောင်နေတဲ့ ၉ မိနစ်ကြာ ဗွီဒီယို ရုပ်သံ ရိုက်ကူးခဲ့ပါတယ်။ Evil at Our Doorstep “အိမ်ဦးက မကောင်းဆိုးဝါး” လို့ အမည်ပေးထားတဲ့ ဒီရုပ်သံထဲမှာ ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေရဲ့ မိသားစုတွေနဲ့ သီတင်းပတ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဆေးကုသပေးတာ၊ အကူအညီပေးရေးသင်တန်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေ၊ ကာဒစ်ရှ်တပ်ဖွဲ့တွေ အိုင်အက်စ်ကို တိုက်ခိုက်နေတာတွေ ပါဝင်ပါတယ်။ မြန်မာမှာ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဆန့်ကျင်တဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာ အသုံးပြုတဲ့ အရည်အသွေးတွေကို ကာဒစ်ရှ် မိသားစုတွေနဲ့ တိုက်ခိုက်ရေး သမားတွေကို သင်ပေးတာလို့ ဆိုပါတယ်။ နောက်ထပ်အဖွဲ့တွေကို ထပ်မံပို့ဆောင်သွားမယ်လို့ ဒေးယူ့ဘန့်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့က တိုက်ခိုက်ခံရတဲ့သူတွေနဲ့ ရပ်တည်ပါတယ်။ ကျနော်တို့ အဓိက အလုပ်က တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လူသားခြင်း စာနာမှု အကူအညီတွေပေးဖို့ပါ။ တိုက်လာရင်လည်း ကျနော်တို့ ထွက်မပြေးပါဘူး။ တိုက်ခိုက်ခံရသူတွေနဲ့ နေပြီး ရင်ဆိုင်ပါတယ်” လို့ သူက ပြောပါတယ်။ ၁၉၇၇ ခုနှစ်ကတည်းက အက်ဖ်ဘီအာရ်အဖွဲ့ကို လေ့ကျင့်ပေးထားပြီး ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ဆေးဝါးကုသရေးတွေကို လုပ်ဆောင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024