မော်လမြိုင်မြို့ အမှိုက်ကောက်လှုပ်ရှားမှု (ဓာတ်ပုံ)
DVB
·
June 14, 2015
ပလတ်စတစ် ကြွပ်ကြွပ်အိတ်အမှိုက်တွေကို စနစ်တကျ စွန်ပစ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်အရေး လူထုတွေပိုမိုအာရုံစိုက်လာစေဖို့ရည်ရွယ်ပြီး မော်လမြိုင်မြို့မှာ ဇွန်လ ၁၄ ရက်နေ့က အမှိုက်ကောက်လှုပ်ရှားနေကြတာပါ။
မော်လမြိုင်လူငယ်ကွန်ရက်အဖွဲ့နဲ့ MON STATE PEACE NETWORK အဖွဲ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တွေပူးပေါင်း လုပ်ဆောင်နေတာပါ။
လူအင်အား ၅၀ ကျော်ပါဝင်တဲ့ အခုလို အမှိုက်ကောက်လှုပ်ရှားမှုကို လူငယ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်း တလ တကြိမ် အမှိုက်ကောက်လာတာဖြစ်ပြီး အခုချိန်မှာတော့ မြို့နယ်စည်ပင်သာယာရေး ကော်မတီကလည်း ပူးပေါင်းပါဝင်လာတာပါ။
သတင်းဓာတ်ပုံ - ကျော်စိုး
[gallery ids="97625,97626,97627,97628,97629,97630,97631,97632,97633,97634,97635,97636,97637,97638,97639,97640"]