၁၉၉၀ ရွေးကောက်ပွဲသင်ခန်းစာ - ပြည်သူ့အမြင်
DVB
·
May 27, 2015
၁၉၉၀ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တာ ဒီကနေ့ မေလ ၂၇ ရက်ဆိုရင် နှစ်ပေါင်း ၂၅ နှစ်တိုင်ရှိခဲ့ပါပြီ။ ထိုစဉ်က အာဏာသိမ်း စစ်အစိုးရက အနိုင်ရ ပါတီကို အာဏာလွှဲ မပေးခဲ့သလို ပြည်သူတွေပေးခဲ့တဲ့ ဆန္ဒမဲတွေဆုံးရှုံးခဲ့ရ၊ တနည်းအားဖြင့် လူထူဆန္ဒတွေ ငြင်းပယ်ခံခဲ့ရတဲ့ အဆိုးရွားဆုံး မြန်မာ့သမိုင်းအမည်းစက်တခုဖြစ်ခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အနိုင်ရသူကို အာဏာလွှဲပေးမယ်လို့ ဘယ်သူကမှ ကတိပြုထားတာ မရှိသေးပါဘူး။ ဒီအဖြစ်အပျက်ကနေ ယနေ့ခေတ်ပြည်သူတွေ ဘယ်လိုသင်ခန်း စာယူနိုင်ပါသလဲ။ လာမယ့် အနာဂတ် ရွေးကောက်ပွဲတွေမှာ အရင်လိုအဖြစ်မျိုးတွေ ရှောင်ရှားနိုင်ဖို့ ဘာလုပ်သင့်ပါသလဲ။
သဘောထားအမြင်တွေ ရေးသားထားခဲ့နိုင်ပါတယ်။