
စပါးဂိုးသမား ကင်စကီးဟာ အက်သလက်တီကိုနဲ့ပွဲမှာ ၁၅ မိနစ်အတွင်း ၂ ကြိမ်တိုင်တိုင် ချော်လဲပြီး ဂိုးတွေ ပေးခဲ့ရလို့ ၁၇ မိနစ်မှာတင် လူစားလဲ ခံလိုက်ရပါတယ်။
ကင်စကီးတင်မကဘဲ နောက်ခံလူ ဗန်ဒီဗန်ပါ ချော်လဲပြီး ဂိုးပေးခဲ့ရသလို စပါးခံစစ်ဟာ ပွဲစပြီး ၂၃ မိနစ်မှာတင် ၄ ဂိုးအထိ ပေးခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။
ပတ်ဒရိုပေါ်ရိုနဲ့ ဆိုလန်ကီတို့က ချေပဂိုးတွေ ပြန်သွင်းခဲ့ပေမဲ့ အက်သလက်တီကိုကတော့ တန်ပြန် တိုက်စစ်ကနေတဆင့် ၅ ဂိုးမြောက် သွင်းယူသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ယာယီနည်းပြ တူဒေါဟာ ၄ ပွဲဆက် ရှုံးနိမ့်ထားလို့ ဖိအားတွေ ပိုများလာသလို ပရီးမီးယားလိဂ်မှာလည်း တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ပွဲနောက်ဆုံးမိနစ်တွေမှာ ရိုမီရိုနဲ့ ပါလင်ညာတို့ ခေါင်းချင်းတိုက်မိပြီး ဒဏ်ရာရခဲ့တာကြောင့် လာမဲ့ လီဗာပူးပွဲအတွက်လည်း စိုးရိမ်စရာ ဖြစ်နေတာပါ။
စပါးအသင်းရဲ့ အခုလို ဂိုးပြတ် ရှုံးနိမ့်မှုနဲ့ လူငယ်ဂိုးသမားကို စောစောစီးစီး လူစားလဲခဲ့တဲ့အပေါ် ဝေဖန်မှုတွေကတော့ တော်တော်လေး ပြင်းထန်နေပါတယ်။
Photo: Reuters


