
ဒီကနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ စပိန်ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဘာစီလိုနာကို ၃ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
တီကိုအသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာတုန်းက ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဒီနေ့ မနက် ဘာစီလိုနာရဲ့ အိမ်ကွင်းမှာ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့တိုင် ဗိုလ်လုပွဲဆီအရောက်လှမ်း နိုင်ခဲ့တာပါ။
ဘာစီလိုနာဟာ ပထမပိုင်းကတည်းက ၂ ဂိုး ရခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ တတိယ ဂိုး ရခဲ့ပေမဲ့ လိုအပ်တဲ့ ချေပဂိုး ထပ်မသွင်းနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်နိုင်မဲ့ မျှော်လင့်ချက် လက်လွှတ်ခဲ့ရတာပါ။
အက်သလက်တီကိုအတွက်တော့ ၂၀၁၂/၁၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါဒယ်ရေး ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲကိုတော့ ဧပြီ ၁၉ ရက်မှာ ဆဗီးလ်မြို့ရှိ လာကာတူဂျာကွင်းမှာ ဘီလ်ဘာအိုအသင်း ဒါမှမဟုတ် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Photo:Reuters


