
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ဘုတ်အဖွဲ့ဥက္ကဋ္ဌ ၊ ဒေါက်တာစိန်ဝင်းသည် ( ၆ ဖေဖော်ဝါရီ ၂၀၂၆ ) နေ့ရက်တွင်ကွယ်လွန်သွားပါသဖြင့် မိသားစုဝင်များနှင့် ထပ်တူ၊ မိမိတို့ ဒီမိုကရက်တစ်မြန်မာ့အသံ အဖွဲ့သားများအားလုံးက အထူးပင် ကြေကွဲဝမ်းနည်းရပါသည်။
ဒေါက်တာစိန်ဝင်းသည် မြန်မာနိုင်ငံအား အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်ကို အထူးပင် ဂုဏ်ယူ၍ မှတ်တမ်းတင်အပ်ပါသည်။
ဒီမိုကရက်တစ်မြန်မာ့အသံကို စတင်တည်ထောင်ခဲ့ပြီး လွတ်လပ်သော သတင်းမီဒီယာအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်ပေးခဲ့သူအဖြစ်လည်း အထူးမှတ်တမ်းတင်အပ်ပါသည်။ ဒေါက်တာစိန်ဝင်း မြင့်မြတ်ကောင်းမွန်သောဘုံဘဝသို့ ရောက်ရှိပါစေ။
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အဖွဲ့သားများ


