
ခြေထောက်ခွဲစိတ်ကုသခဲ့တဲ့ အဲဗာတန် တိုက်စစ်ကစားသမား ဂျက်ဂရေးလစ်ရှ်ဟာ ရာသီကုန်တဲ့အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးကနေ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ အင်္ဂလန်ကစားသမားဟာ ဘယ်ခြေထောက်မှာ ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရာသီအဆုံးသတ်ပိုင်းကာလကို အခုလိုအခြေအနေမျိုးနဲ့ မဖြတ်သန်းလိုပေမဲ့ ဘောလုံးမှာ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲလို့ မှတ်ယူကြောင်း ဂရေးလစ်ရှ်က ပြောပါတယ်။
ခွဲစိတ်ကုသမှု ခံယူခဲ့စဉ် အားပေးစကားဆိုခဲ့ကြတဲ့ အဲဗာတန်ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေ အပါအဝင် တခြားအသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဂရေးလစ်ရှ်က ပြောပါတယ်။
ရာသီကုန်တဲ့အထိ ပြန်ကစားနိုင်ဖို့မရှိတဲ့ ဂရေးလစ်ရှ်အတွက် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့် မျှော်လင့်ချက် အနည်းငယ်ဟာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
Photo:Reuters


