
ဘရိုက်တန်ကွင်းလယ်လူ ဂျိမ်းစ်မီနာဟာ ပရီးမီးယားလိဂ်ပွဲအများဆုံးစံချိန်ကို လိုက်မီနိုင်တော့မှာ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ အခုတပတ်မှာ ယှဉ်ပြိုင်ရမဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရရှိမယ်ဆိုရင် စုစုပေါင်း ၆၅၃ ပွဲပြည့်မြောက်မှာဖြစ်ပြီး ဂါရတ်ဘယ်ရီ စံချိန်တင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲအများဆုံးစံချိန်နဲ့ တူညီသွားမှာပါ။
ပွဲအများဆုံးစံချိန် တင်ထားသူ ဘယ်ရီဟာ ဗီလာ၊ မန်စီးတီး၊ အဲဗာတန်နဲ့ ဝက်စ်ဘရွန်းအသင်းတွေမှာ ကစားခဲ့သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ကစားသမားဘဝကနေ အနားယူခဲ့သူပါ။
မီလ်နာဟာ ကစားသမားဘဝကို လိဒ်ယူနိုက်တက်နဲ့ စတင်ခဲ့ပြီး နယူးကာဆယ်၊ ဗီလာ၊ မန်စီးတီး၊ လီဗာပူးအသင်းတွေမှာကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘရိုက်တန်အသင်းဆီပြောင်းရွှေ့လာခဲ့သူပါ။
မီလ်နာဟာ အသင်းရဲ့မောင်းနှင်အားဖြစ်ပြီး သူ့လို ဝါရင့် ကစားသမားတယောက် အသင်းမှာရှိနေတာက အလွန်အရေးပါကြောင်းနဲ့ ပဲလေ့နဲ့ပွဲက မီလ်နာအတွက် ထူးခြားတဲ့ ပွဲစဉ် ဖြစ်လာလိမ့်မယ်လို့ ဘရိုက်တန်နည်းပြဟာဇယ်လာက ပြောသွားပါတယ်။
Photo: Reuters


