
ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ကြွချီနေတဲ့ ဆရာတော်တွေဟာ ဝါရှင်တန်ကို သွားရာလမ်းကြောင်းဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်၊ ရချ်မွန်မြို့ကို ရောက်ရှိလာပါတယ်။
ရစ်ချ်မွန်မြို့ဒေသခံတွေကလည်း ဆရာသံဃာတော်တွေကို ဖေဖော်ဝါရီ ၂ ရက်က စောင့်မျှော် ကြိုဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်အတိုဘာလက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်မှုကို တက္ကဆက်ပြည်နယ် ဖို့ဝေါသ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလို လမ်းလျှောက်ရတဲ့ ရည်ရွယ်ချက်က ကမ္ဘာနဲ့ အမေရိကန်မှာရှိတဲ့ လူသားတွေ အတွင်းစိတ်ငြိမ်း ချမ်းဖို့နဲ့ သတိရှိကြဖို့ ရည်ရွယ်တယ်လို့ Walk for peace လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆရာတော်တွေကို ဗာဂျီးနီးယားမြို့တော်ဝန် စပန်ဘာဂျာက မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်ကို ငြိမ်းချမ်း လမ်းလျှောက်နေ့လို့ ကြေညာခဲ့တာလည်း တွေ့ရပါတယ်။
ဒါဟာ ဇန်နဝါရီ ၁၇ ရက်က မြို့တော်ဝန်ဖြစ်လာပြီးနောက်ပိုင်း စပန်ဘာဂျာရဲ့ ပထမဆုံး ကြေညာချက်လည်း ဖြစ်ပါတယ်။
ဒီပွဲကို တက်လာတဲ့သူတွေက ဆရာတော်တွေကို ချီးကျူးခဲ့ကြသလို လူမှုပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးရဲ့ အရေးပါပုံကိုလည်း အလေးအနက် ထားခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်မှုဟာ မြို့တော် ဝါရှင်တန်ဒီစီမြို့မှာ အဆုံးသတ်မှာပဲ ဖြစ်ပါတယ်။
Source:Reuters


