
ခရစ္စတယ်ပဲလေ့အသင်းဟာ အသင်းကနေ ထွက်ခွါမဲ့တိုက်စစ်မှူး မက်တေတာနေရာအတွက် ဗီလာတိုက်စစ်မှူး ဂစ်ဆန်ကို အစားထိုးခေါ်ယူခဲ့ပါတယ်။
ဂစ်ဆန်ဟာ အခုနှစ်နွေရာသီကမှ ပြင်သစ်ကလပ် နိစ်ကနေဗီလာအသင်းဆီပြောင်းရွှေ့လာသူဖြစ်ပြီး ပဲလေ့အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ပဲလေ့မှာ တိုက်စစ်မှူးမက်တေတာက အသင်းကနေ ထွက်ခွါခွင့်တောင်းဆိုထားပြီး အေစီမီလန်နဲ့ ဆွေးနွေးနေတာကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်ထားကြောင်း ပဲလေ့နည်းပြ ဂလက်စ်နာက အတည်ပြုပါတယ်။
မက်တေတာနေရာအတွက် အစားခေါ်ယူခဲ့တဲ့ ဂစ်ဆန်ဟာ ဗီလာနဲ့ ၂၁ ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး နိစ်မှာတုန်းက တရာသီအတွင်းမှာ ၁၃ ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။
Photo: Reuters


