
ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မက်တေတာဟာ အသင်းကနေ ထွက်ခွါချင်ကြောင်း တောင်းဆိုထား တယ်လို့သိရပါတယ်။
အသက် ၂၈ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ အသင်းနဲ့ ၁၈ လစာချုပ်သက် တမ်းကျန်ရှိနေပေမဲ့ တခြားဥရောပထိပ်တန်းအသင်းတသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။
မက်တေတာကိုခေါ်ယူဖို့ ဂျူဗင်တပ်အသင်းက တရားဝင်ကမ်းလှမ်းခဲ့ပေမဲ့ ပဲလေ့စ်ဘက်က ပေါင် သန်း ၄၀ အထိ ပြောင်းရွှေ့ကြေးသတ်မှတ်ထားတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။
အလားတူ အက်စ်တွန်ဗီလာအသင်းအပါအဝင် တခြားဥရောပအသင်းတွေကလည်း သူ့ကို ခေါ်ယူလိုနေတာပါ။
ပဲလေ့စ်နည်းပြ ဂလက်စ်နာကတော့ သတ်မှတ်ထားတဲ့ဈေးနူန်းအတိုင်းပေးချေမယ်ဆိုရင် မက်တေတာကို ရောင်းချမှာဖြစ်ပြီး သတ်မှတ်ဈေးကို ဘယ်အသင်းကမှ မပေးချေဘူးဆိုရင်တော့အ သင်းမှာ ဆက်ရှိမှာဖြစ်ကြောင်းပြောထားပါတယ်။
Photo:Reuters


