
ဖူဟမ်အသင်းဟာ မန်စီးတီးအသင်းက နော်ဝေကြယ်ပွင့်ကစားသမားအောစ်ကာဘော့ကို ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၂ နှစ်ရှိ တောင်ပံတိုက်စစ်ကစားသမားဟာ ဘုန်းမောက်ကနေ ဆမ်မန်ညို ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့် ပိုမိုနည်းပါးလာနိုင်တာကြောင့် ပွဲထွက်ခွင့်ပိုမိုရရှိနိုင်မဲ့ ဖူဟမ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
ဖူဟမ်အသင်းဆီပြောင်းရွှေ့နိုင်ခဲ့လို့ ဝမ်းမြောက်မိပြီး အသင်းတာဝန်ရှိသူအားလုံးနဲ့လည်း ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနဲ့ အနာဂတ်အပေါ် စိတ်လှုပ်ရှားမိကြောင်း အော်စကာဘော့က ပြောပါတယ်။
နော်ဝေကစားသမားဟာ မန်စီးတီးအကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး အသင်းအတွက် ၄၇ ပွဲကစားခဲ့သူပါ။
ဘော့ဟာ ဖူဟမ်အသင်းနဲ့ ၅ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၄ ဝတ်ဆင် ကစားသွားမှာဖြစ် ပါတယ်။
Photo: Reuters


