ချင်းမိုင်ခရိုင်တွင် ထိုင်းတိုက်လေယာဉ် ပျက်ကျ ၂ ဦးသေဆုံး
DVB
·
January 29, 2026

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ကျွမ်ထောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၉ ရက် ဒီမနက်ပိုင်းက တိုက်လေယာဉ် တစင်း ပျက်ကျပြီး သေဆုံးသူ ၂ ယောက် ရှိတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။
အဆိုပါလေယာဉ်မှာ အမှတ် ၄၁ လေတပ်အပိုင် AT-6 Wolverine တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ကျွမ်ထောင်းမြို့နယ် ဟွေ့မုန့်တိုက်ကျေးရွာအနီးမှာ မနက် ၁၀ နာရီ ခွဲလောက်က ပျက်ကျသွားတာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ကနဦး သေဆုံးသူ ၂ ယောက် ရှိပြီး ပျက်ကျရတဲ့ အကြောင်းရင်း အပါအဝင် အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။
Source - Chiangmai News


