Home
နိုင်ငံတကာ
ချင်းမိုင်ခရိုင်တွင် ထိုင်းတိုက်လေယာဉ် ပျက်ကျ ၂ ဦးသေဆုံး 
DVB
·
January 29, 2026
Photo: Chiangmai News

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ကျွမ်ထောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၉ ရက် ဒီမနက်ပိုင်းက တိုက်လေယာဉ်  တစင်း ပျက်ကျပြီး သေဆုံးသူ ၂ ယောက် ရှိတယ်လို့  ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။ 

အဆိုပါလေယာဉ်မှာ အမှတ် ၄၁ လေတပ်အပိုင် AT-6 Wolverine တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ကျွမ်ထောင်းမြို့နယ် ဟွေ့မုန့်တိုက်ကျေးရွာအနီးမှာ  မနက် ၁၀ နာရီ ခွဲလောက်က ပျက်ကျသွားတာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ကနဦး သေဆုံးသူ ၂ ယောက် ရှိပြီး  ပျက်ကျရတဲ့ အကြောင်းရင်း အပါအဝင် အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။ 

Source - Chiangmai News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013