Home
မြန်မာသတင်း
စစ်ကောင်စီ ရွေးကောက်ပွဲကို ကရင်နီဒေသခံများ ဆန့်ကျင်ကန့်ကွက် 
DVB
·
January 27, 2026

ကရင်နီပြည်နယ် တနေရာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကို ဆန့်ကျင်တဲ့ သပိတ်ပြုလုပ်ခဲ့တယ်လို့ Union of Karenni State Youth- UKSY က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

UKSY ရဲ့ တာဝန်ရှိသူတယောက်က "ပြည်နယ်တွင်းမှာ ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေ လုပ်ကြတယ်။ အပိုင်း ၃ မှာတော့ Profile တွေ၊ Silent သပိတ်တွေ ကြေညာထားတာတွေရှိတယ်။ တချို့သော နေရာဒေသတွေမှာလည်း ကန့်ကွက် ဆန့်ကျင်တာတွေ လုပ်ကြတယ်"လို့ ပြောပါတယ်။

ကရင်နီမှာ အသံတိတ်သပိတ်လုပ်တာ၊ လူမှုကွန်ရက်မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ပရိုဖိုင်ချိန်းတာ၊ အနက်ရောင်ဝတ်ဆင်တာတွေလုပ်ဖို့ကိုလည်း တိုက်တွန်းတာတွေရှိပါတယ်။

စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို လွိုင်ကော်နဲ့ ဘော်လခဲမြို့နယ်တို့မှာ ပြုလုပ်ခဲ့ပြီး အပိုင်း ၂ ကို ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ဒေသခံ ပြည်သူတွေ မပါဘဲ ပြုလုပ်ခဲ့ကာ အပိုင်း ၃ ကို ဆက်လုပ်နေတာကြောင့် စစ်တပ်ကို မထောက်ခံတဲ့သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင် နေကြပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ ကို ကရင်နီပြည်နယ်မှာ ကျန်နေတဲ့ ဖားဆောင်း၊ ရှားတော၊ မယ်စဲ့မြို့နယ်တွေမှာ စစ်တပ်က စိုးမိုးနိုင်ခြင်းမရှိတာကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) တို့မှာ ကိုယ်စားလှယ်တွေကို အချိုးကျ ခွဲဝေပေးထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013