
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန မူဝါဒဆိုင်ရာ ဒုတိယဝန်ကြီး အယ်လ်ဘရစ်ချ် ကော်ဘီနဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်း ဂယူး ဘက်ခ် တို့ဟာ ဇန်နဝါရီ ၂၆ ရက်က ဆွေးနွေးခဲ့ပြီး တောင်ကိုရီးယားအစိုးရအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း ရရှိရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရက မြောက်ကိုရီးယားကို တားဆီးရာမှာ တောင်ကိုရီးယားက ပိုဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါလာဖို့ မျှော်လင့်နေချိန်မှာ ကော်ဘီက သူ့ ရာထူးသက်တမ်းအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဆိုးလ်မြို့တော်ကို လာရောက်လည်ပတ်ခဲ့တာပါ။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအရေး ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်းဆွယ်ကာကွယ်ရေးအတွင်း တောင်ကိုရီးယားရဲ့ ဦးဆောင်နိုင်စွမ်းကို အားကောင်းစေပြီး လုံခြုံရေးမဟာမိတ်အဖွဲ့ကို မြှင့်တင်ပေးမဲ့ ခြေလှမ်းတရပ်အဖြစ် နှစ်ဖက်စလုံးက ရှုမြင်တယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာသစ်အတွင်း မြောက်ကိုရီးယားကို တားဆီးရာမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ပိုကန့်သတ်ထားတဲ့ အခန်းကဏ္ဍအဖြစ် မျှော်လင့်ထားပြီး တောင်ကိုရီးယားက အဓိကတာဝန်ယူမယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters


