
အမေရိပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့မှာ ဇန်နဝါရီ ၂၄ ရက်က ICE လို့ လူသိများတဲ့ လဝကအေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၂၄ ရက်မှာ နိုင်ငံသားတယောက် ထပ်မံသေဆုံးခဲ့ပါတယ်။
ပြည်ထဲရေးကတော့ အဲလက်စ်ပရက်တီ ဆိုသူဟာ လက်နက်နဲ့ ခုခံတဲ့အတွက် အေးဂျင့်တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။
ဒါပေမဲ့ အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုမှတ်တမ်းတွေမှာတော့ ပရက်တီဟာ သေနတ်ကို ကိုင်ဆောင်ထားတာမဟုတ်ဘဲ ဖုန်းကိုင်ထားတာ တွေ့ရသလို လဲကျနေသူတွေကို ကူညီပေးနေချိန် ပစ်ခတ်ခံခဲ့ရတာကို တွေ့ရပါတယ်။
ဇန်နဝါရီ ၇ ရက်က ရီနီဂွတ်ဒ် အသတ်ခံရပြီးနောက် ဒါဟာ ဒီလအတွင်း ဒုတိယမြောက် အမေရိကန်နိုင်ငံသားတယောက် အသတ်ခံရတာဖြစ်ပြီး ဒေသခံတွေအကြား ဆန္ဒပြမှုတွေ ပြင်းထန်လာခဲ့ပါတယ်။
မင်နီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်ဇ်ကတော့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ရွံရှာမိကြောင်းနဲ့ ဖက်ဒရယ်အစိုးရကို မယုံကြည်တဲ့အတွက် ပြည်နယ်ကပဲ စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။
မင်နီယာပိုလစ်ရဲတပ်ဖွဲ့ကလည်း ပရက်တီဟာ ရာဇဝတ်မှုကင်းရှင်းပြီး တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ရှိသူဖြစ်ကြောင်း အတည်ပြုထားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဒေသခံခေါင်းဆောင်တွေဟာ ပြည်သူတွေ အုံကြွမှုဖြစ်အောင် လှုံ့ဆော်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ မြို့တော်ဝန်နဲ့ အုပ်ချုပ်ရေးမှူးတွေက လူဝင်မှုကြီးကြပ်ရေး စီမံချက်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
Source:Reuters


