
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်အောင် ကြိုးစားတဲ့ ဂျပန်နိုင်ငံဟာ အရည်အချင်း မပြည့်ဘူးလို့ တရုတ်သံအမတ်ဆန်းလိန်က ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
ကုလသမဂ္ဂနှစ် ၈၀ ပြည့်အစည်းအဝေးမှာ အစိုးရအချင်းချင်းညှိနှိုင်းမှုတွေ ပြန်လည်ပြုလုပ်ခဲ့တာပါ။ အဲ့ဒီညှိနှိုင်းပွဲ ပထမနေ့မှာ ဂျပန်က အရည်အချင်းမမီဘူးလို့ တရုတ်သံအမတ်က ပြောခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ လက်ယာဝါဒီတွေ ပြန်ပြီး အနိုင်ရခဲ့သလို စစ်ပုံသွင်းမှုတွေက ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အမြဲတန်းကိုယ်စားလှယ်နေရာအတွက် အရည်အချင်း မပြည့်မီခဲ့တာပါ။ ဒီအချက်တွေက နိုင်ငံတကာ အစိုးရချင်းဆက်သွယ်မှုစံနှုန်းတွေကို ချိုးဖျက်တာဖြစ်သလို ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကျိုးဆက်တွေကို စိန်ခေါ်မှုတခုလို့ ဆန်းက ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ နိုင်ငံတကာအတွက် စစ်ပြီးခေတ်နောက်ပိုင်း လုံခြုံရေးအတွက် အဓိက ဗဟိုချက်ဖြစ်တယ်လို့ တရုတ်သံအမတ်က ပြောခဲ့တာပါ။
“သမိုင်းကြောင်းမှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံ တနိုင်ငံကတော့ နောင်တရတဲ့ ပုံစံမျိုး မပြပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံအချက်တွေကို ချိုးဖောက်နေတာက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုတွေမရနိုင်ပါဘူး။ ဒီအချက်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂျပန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်ဖို့ အရည်အချင်း မပြည့်စုံပါဘူး” လို့ ဆန်းက ပြောပါတယ်။
လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်စတဲ့ ၅ နိုင်ငံ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၁၀ နိုင်ငံကို ၂ နှစ် ၁ ကြိမ် ရွေးချယ်တာဖြစ်ပါတယ်။
Source:Reuters


