
ထိုင်းနိုင်ငံအတွင်း အလုပ်သမားကတ် (Work Permit) ပြုလုပ်ပေးမယ်ဆိုပြီး အခကြေးငွေရယူခဲတဲ့ ပွဲစား အကျိုးဆောင်တွေနဲ့ ကုမ္ပဏီတချို့ကြောင့် မြန်မာလုပ်သားပေါင်း ၁,၄၀၀ ကျော် အခက်အခဲနှဲ့ ရင်ဆိုင်နေရတယ်လို့ TMIA (Thai Myanmar International Association) က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီကိစ္စတွေဟာ မြန်မာလုပ်သားတွေရဲ့ ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လူမှုရေးပြဿနာကြီးဖြစ်တယ်လို့ TMIA က သတ်မှတ်ပြီး နစ်နာသူတွေဘက်က ရပ်တည်ကာ ဥပဒေကြောင်းအရ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ အကျိုးဆောင်တွေ၊ ကုမ္ပဏီတွေကိုလည်း တာဝန်ယူမှုအပြည့်နဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ တိုက်တွန်းထားပြီး နစ်နာသူတွေအနေနဲ့ TMIA ကို တိုက်ရိုက်ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်းလည်း အသိပေးထားပါတယ်။


