
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အလုပ်ဖြုတ်ခံရတဲ့ မြန်မာလုပ်သား ၄၂ ယောက် ဘတ် ၃ သန်း နစ်နာကြေး ရရှိခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့က ပြောပါတယ်။
မဲဆောက်မြို့ မယ်ကုရပ်ကွက်က အလုပ်ရုံတရုံမှာ မြန်မာလုပ်သားတွေ အကြောင်းမဲ့အလုပ်ဖြုတ် ခံလိုက်ရတဲ့အတွက် ထိုင်းဥပဒေပါအတိုင်း ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ မဲဆောက်မြို့ အစိုးရ အလုပ်သမားဖြေရှင်းရေးဌာန တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
MHAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူ ကိုရဲမင်းက “မဲဆောက်လိုနေရာမျိုးမှာ နစ်နာကြေး သန်းနဲ့ချီ ရဖို့ဆိုတာ မလွယ်ဘူး၊ ဖြစ်တောင့် ဖြစ်ခဲ အခြေအနေလို့တောင် ပြောလို့ရတယ်၊ တော်လှန်ရေးကာလတလျှောက် ပထမဆုံးလို့တောင် ပြောလို့ရတယ်။ အလုပ်ရုံတွေကို အလုပ်သမားတွေက မတရားမှုတွေကို ရင်မဆိုင်ရဲကြဘူး၊ MHAC အနေနဲ့ကတော့ အခက်အခဲတွေကြားကနေ လုပ်ပေးရတာပဲလေ၊ ဒီအလုပ်သမားတွေထဲမှာ CDM တွေလည်း ပါတယ်လေ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေက နစ်နာကြေးတယောက်ကို ဘတ်ငွေ ၅ သောင်းကနေ ၈ သောင်း အကြား ရရှိခဲ့တယ်လို့ သိရပါတယ်။


