
စပိန်ရဲတပ်ဖွဲ့ဟာ ဘရာဇီးနိုင်ငံကနေ ဥရောပဆီ တင်ပို့တဲ့ ဆားထုပ်တွေကြားမှာ ဝှက်ထားတဲ့ မူးယစ်ဆေးဝါး ၁၀ တန်နီးပါးကို တင်လာတဲ့ သင်္ဘောတစင်းကို ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။
အကြီးမားဆုံး ကိုကင်းပမာဏကို ပင်လယ်ပြင်မှာ ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။ ဒီစစ်ဆင်ရေးအတွင်း သင်္ဘောပေါ်က လူ ၁၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
လောင်စာဆီကုန်သွားတဲ့သင်္ဘောကို ကနေရီကျွန်းစု၊ ဆန်တာခရုဇ် ဒီတီနီရီဖီမှာရှိတဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ဆိပ်ကမ်းဆီ ဆွဲယူခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ရဲအရာရှိတွေက မူးယစ်ဆေးဝါး ၂၉၄ ထုပ်နဲ့ သေနတ်တလက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲအရာရှိတွေက ဆားတွေအောက်ကနေ ကိုကင်းတွေကို ဖယ်ဖို့ ဂေါ်ပြားတွေ လက်တွေနဲ့ တူးခဲ့ရပြီး ထုပ်ပိုးထားတဲ့ ကုန်စည်ထုပ်တွေကို ဆိပ်ခံတံတားဆီ ရွှေ့ခဲ့ပါတယ်။
နိုင်ငံတကာကြိုးပမ်းချက်ထဲမှာ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၊ ဘရာဇီး ပြည်ထောင်စုရဲတပ်ဖွဲ့၊ ဗြိတိန် အမျိုးသားရာဇဝတ်မှု အေဂျင်စီ၊ ပြင်သစ်နဲ့ ပေါ်တူဂီနိုင်ငံတွေက အာဏာပိုင်တွေ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။
Source: Reuters


