
၂၀၂၆ ဟတ်ချွန်း ရေခဲပြင် ငါးဖမ်းပွဲတော်ကို တောင်ကိုရီးယားနိုင်ငံ ဟတ်ချွန်းခရိုင်မှာ ကျင်းပပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး တောင်ကိုရီးယားနိုင်ငံ ဂါဝန်းပြည်နယ်မှာ ကျင်းပတဲ့ ဒီငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်အထိ ၂၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။
လက်ရှိအချိန် ငါးဖမ်းတဲ့နေရာတဝိုက်မှာ လည်ပတ်သူတွေ များနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ငါးဖမ်းပွဲကို လာရောက်လည်ပတ်သူ အများစုဟာ ဒီပွဲတော်ရဲ့ အဓိကလှုပ်ရှားမှုဖြစ်တဲ့ လက်ဗလာနဲ့ ရေခဲရေထဲမှာ ငါးဖမ်းယူမှု ပြုလုပ်လေ့ရှိပါတယ်။
ဒီနှစ် ရေခဲပြင် ငါးဖမ်းပွဲတော် အဖွင့်ပွဲမှာ ခန့်မှန်းခြေ ခရီးသွား ၆၅,၀၀၀ လာရောက်တယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြပြီး နိုင်ငံခြားခရီးသည် ၃၂,၀၀၀ ခန့် ပါဝင်တယ်လို့ ဆိုပါတယ်။
ဟတ်ချွန်း ရေခဲပြင် ငါးဖမ်းပွဲတော်ကို ၂၀၀၃ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီ အဓိကပွဲတော်တခုအဖြစ် ထင်ရှားလာပါတယ်။
Source: Reuters


