Home
မြန်မာသတင်း
ပွိုင့် ၆၆၆ စခန်းကို သောက်ရေလာချပေးနေသည့် ဒရုန်းအကြီးတစင်း AA သိမ်းဆည်းရမိ
DVB
·
January 9, 2026

ရခိုင်ပြည်၊ တောင်ကုတ် နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း စစ်ကောင်စီရဲ့ ကပစ ၁၆ ကာကင်း ပွိုင့် ၆၆၆ စခန်းကို ရိက္ခာလာပို့တဲ့ ဒရုန်းအကြီးစားတစင်းကို AA က ဇန်နဝါရီ ၆ ရက် ညနေမှာ သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ပွိုင့်ကုန်းကို စကမ ဘက်က ဝင်လို့မရောက်တော့ဘူး၊ ပိတ်နေတဲ့လူတွေကို ဒရုန်းနဲ့စားနပ်ရိက္ခာလာပို့ရတယ်၊ အဲဒါကို AA က ပစ်ချလိုက်တာပါ။” 

အာရက္ခတပ်တော် (AA) တပ်ဖွဲ့က ပစ်ချလိုက်တဲ့ စစ်ကောင်စီ ရိက္ခာပို့ ဒရုန်းအကြီးစားကို ပါလာတဲ့ပစွည်းများနဲ့အတူ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်ဟီဟာ သောက်ရေကို တောင်မှ ဒရုန်း နဲ့ ပို့ရတယ်။ အခု သိမ်းဆည်းရမိတာလည်း ရေပိုက်ထုတ်တွေပါ။ အဓိက သူတို့ပို့တဲ့အချိန်က ညနေစောင်း၊ နေဝင်စ အဲလိုအချိန်တွေ လာပို့ပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အလားတူ ဇန်နဝါရီ ၈ ရက် ညနေ ၃ နာရီကျော်လောက်ကလည်း အမ်း-ပဒန်းလမ်းရှိ လနဲ့ချီ ပိတ်မိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ဗျုဟာ စခန်းကို လေကြောင်းမှ Y12 လေယဉ်အမျိုးစားနဲ့ စားနပ်ရိက္ခာ လာချပေးတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

“မနေ့ညက ညနေဘက်မှာလာချတယ်၊ အရင်လို လေထီးနဲ့မချတော့ဘူး၊ ဒီအတိုင်းပစ်ချတယ်၊ အဓိက စားနပ်ရိက္ခာထုတ်ဖြစ်မယ်။” 

စားနပ်ရိက္ခာထုတ်တွေကို လေယဉ်ပေါ်က ဒီအတိုင်းချပေးပြီး လက်နက်ခဲယမ်းပါမှ လေထီးနဲ့ သူတို့ချပေးပါတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လနဲ့ချီ ပိတ်မိခံထားရပြီး နတ်ရေကန်တောင်စခန်း၊ ပွိုင့် ၆၆၆ စခန်း၊ လေလာတောင်စခန်း၊ ဆင်လန်စခန်း တို့မှ ထွက်ပြေးလာတဲ့ တပ်သားတွေ၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ တပ်သားတွေဟာ စားနပ်ရိက္ခာမလုံလောက်တဲ့အပြင် ရေမချိုးရတဲ့အတွက် ခန္ဓာကိုယ်တခုလုံးက ပုပ်နံ့တွေထွက်တယ်လို့ တော်လှန်ရေးတပ်နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013