Home
နိုင်ငံတကာ
ကျားဖြန့်ကြိုးကိုင်သူ တရုတ်ဘီလီယံနာကို တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား လွှဲပြောင်း
DVB
·
January 8, 2026
Photo: Prince Holding Group

ခရစ်ပတိုငွေကြေးလိမ်လည်မှုတွေကို ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်ဘီလီယံနာသူဌေး ချန်းကျီကို ကမ္ဘောဒီးယားကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပါတယ်။

ဇန်နဝါရီ ၆ ရက်က ချန်းကျီနဲ့ တခြားတရုတ်နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးခဲ့ပြီးနောက် အခုလို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။

ချန်းကျီဟာ လူကုန်ကူးခံရသူတွေကို အလုပ်စခန်းတွေမှာ ကျားဖြန့်အလုပ်တွေ အတင်းအကျပ် လုပ်ကိုင်ခိုင်းခဲ့သူလို့ စွပ်စွဲခံထားရပါတယ်။

ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ချန်းကျီနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂကတော့ အရှေ့တောင်အာရှဒေသတွင်းမှာ လူပေါင်းသိန်းနဲ့ချီ လူကုန်ကူးခံနေရပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲ ရောက်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက သူ့ကို တရားစွဲဆိုထားပြီး ဒေါ်လာ ၁၄ ဘီလီယံ တန်ကြေးရှိတဲ့ ဘစ်ကွိုင်တွေကို သိမ်းဆည်းခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံကလည်း ချန်းကျီ ပိုင်ဆိုင်တဲ့ Prince Group လုပ်ငန်းစုကြီးကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။

တရုတ်အာဏာပိုင်တွေကလည်း Prince Group ဟာ နယ်စပ်ဖြတ်ကျော် လောင်းကစားဂိုဏ်းကြီး ဖြစ်တယ်လို့ သတ်မှတ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့တာပါ။

ကမ္ဘောဒီးယားအစိုးရကတော့ ပြီးခဲ့တဲ့လမှာပဲ ချန်းကျီရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013