
ဖင်လန်ပင်လယ်ကွေ့ကို ဖြတ်သန်းပြီး ဟယ်လ်ဆင်ကီမြို့ကနေ အက်စ်တိုးနီးယားနိုင်ငံဆီ ဆက်သွယ်ထားတဲ့ ရေအောက်ဆက်သွယ်ရေးကေဘယ်လ်ကို ဖျက်ဆီးမှု သံသယနဲ့ ရုရှားနိုင်ငံကနေ ထွက်လာတဲ့ သင်္ဘော တစင်းကို ဖင်လန်ရဲတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီဒေသဟာ မကြာသေးမီနှစ်တွေအတွင်း အလားတူ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ ဒေသတခုပါ။ သိမ်းဆည်းရမိတဲ့ ကုန်တင်သင်္ဘော 'ဖစ်ဘာ့ဂ်'ဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဆိပ်ကမ်းကနေ အစ္စရေးဆီ ထွက်လာချိန် ခုလိုဖြစ်ခဲ့တာလို့ ဖင်လန်နယ်ခြားစောင့်တပ်က ဟယ်လ်ဆင်ကီမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖစ်ဘာ့ဂ်သင်္ဘောက ကျောက်ဆူးကို ပင်လယ်ထဲကနေဆွဲယူနေပြီး ဖင်လန်ရေပိုင်နက်ဆီ ဦးတည်ခုတ်မောင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဖင်လန်နယ်ခြားစောင့်တပ်တို့က ပြောပါတယ်။
ယူကရိန်းစစ်ပွဲကို စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ရုရှားဆီက ခြိမ်းခြောက်မှုတွေ တိုးလာတယ်လို့ အရာရှိတွေက ရှုမြင်ထားပြီး ဥရောပမှာ စိုးရိမ်မှုတွေ တိုးပွားလာနေကာ ရုရှားအစိုးရကတော့ ခြိမ်းခြောက်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
Source: Reuters


