
ဆွစ်ဇာလန်နိုင်ငံ အနောက်တောင်ပိုင်းက ခွန်စ်မွန်တာနာမြို့ရှိ အဆင့်မြင့် နှင်းလျှောစီး အပန်းဖြေစခန်းမှာရှိတဲ့ ဘားတခုမှာ မီးလောင်ပေါက်ကွဲခဲ့လို့ လူအယောက် ၄၀ လောက်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်မှာ လူအယောက် ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေအတွက် ဆေးကုသခံနေရတယ်လို့ ဘီဘီစီ သတင်းမှာဖော်ပြပြပြီး ဒဏ်ရာရသူ အများစုက အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ရဲတွေက အစောပိုင်းမှာ ပြောပါတယ်။
မီးလောင်မှုဟာ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်နဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၁၀ စီး၊ လူနာတင်ယာဉ် ၄၀ ကို စေလွှတ်ထားတယ်လို့ ဆွစ်ဇာလန်အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူ အရေအတွက်မှာ ပိုမိုမြင့်မားနိုင်ကြောင်းနဲ့ မီးလောင်ဒဏ်ရာရသူ အများအပြား ဆေးကုသခံနေရကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ခရန်းစ်ဒေသရဲ့ အဓိက လမ်းမကြီးကို စုံစမ်းစစ်ဆေးမှုအတွက် လုံးဝပိတ်ထားလိုက်ရပြီး ခရန်းစ်-မွန်တာနာပေါ်မှာ လေယာဉ်မပျံသန်းရ ဇုန်တခု သတ်မှတ်လိုက်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ မတော်တဆမှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Source: Reuters


