
အိန္ဒိယနွယ်ဖွား မိဘနှစ်ပါးကနေ ယူဂန်ဒါနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်တယောက်ဖြစ်သူ ဇိုရန် မမ်ဒါနီဟာ နယူးယောက်မြို့ရဲ့ ပထမဆုံး မွတ်စလင်မြို့တော်ဝန်အဖြစ် နှစ်သစ်ကူးချိန်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
သမိုင်းဝင် မြို့တော်ခန်းမဟောင်း မြေအောက်ဘူတာရုံမှာ ပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို နယူးယောက်ပြည်နယ် ရှေ့နေချုပ် လက်တီရှာဂျိမ်းစ်က ကြီးကြပ်ခဲ့တာပါ။
မမ်ဒါနီဟာ ဇနီးသည် အနုပညာရှင် ရာမ ဒူဝါဂျီ ကိုင်ထားတဲ့ ကုအာန် ကျမ်းစာအပေါ် လက်တင်ပြီးတော့ ကျမ်းကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။
မြို့တော်ကို နေ့စဉ်လည်ပတ်နေအောင် မောင်းနှင်ပေးနေတဲ့ အလုပ်သမား ပြည်သူတွေကို လေးစားမှုပြတဲ့ အနေနဲ့ အခုလို ဘူတာရုံမှာ ကျမ်းကျိန်ဆိုခဲ့တာလို့ ဆိုပါတယ်။
အသက် ၃၄ နှစ်အရွယ် မမ်ဒါနီဟာ လူဦးရေ ၈ သန်းရှိတဲ့ နယူးယောက်မြို့ကြီးရဲ့ မြို့တော်ဝန် ၄ နှစ်သက်တမ်းကို ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။
သူဟာ အိမ်ငှားခတွေ မတက်အောင် ထိန်းချုပ်ပေးတာ၊ အခမဲ့ ဘတ်စ်ကားပြေးဆွဲတာနဲ့ ကလေးသူငယ်စောင့်ရှောက်ရေး ကတိကဝတ်တွေနဲ့ မဲဆွယ်စည်းရုံးခဲ့သူလည်း ဖြစ်ပါတယ်။
သန်းခေါင်ယံအချိန် ကျမ်းကျိန်ဆိုပွဲအပြီး နေ့လယ်ပိုင်းမှာတော့ မြို့တော်ခန်းမရှေ့မှာ လူထုနဲ့တွေ့ဆုံမဲ့ အခမ်းအနားကို ဆက်လက်ကျင်းပသွားဖို့ ရှိနေပါတယ်။
Source:Reuters


