
ရုရှားရဲ့ အာယယ်ရှနစ်ခ် ဒုံးကျည်စနစ်ဟာ ဘယ်လာရုစ်နိုင်ငံမှာ တိုက်ခိုက်ရေးတာဝန်တွေကို ထမ်းဆောင်နေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပစ်လွှတ်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေး၊ လုံခြုံရေးနဲ့ စွမ်းအင် ထောက်ပံ့ရေးဆိုင်ရာ ကျွမ်းကျင်သူတွေအပြင် ဒုံးကျည်စနစ် စက်ပြင်သမားတွေပါ တရားဝင် တိုက်ခိုက်ရေးတာဝန်တွေကို မစမီ သက်ဆိုင်ရာ အလေ့အကျင့်တွေ ရခဲ့ကြပါတယ်။
အာယယ်ရှနစ်ခ် ဒုံးကျည်စနစ်ဟာ ရုရှားတီထွင်ထားတဲ့ အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ် တခုပါ။
နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပြီး Mach 10 အမြန်နှုန်းနဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို တို့ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဘယ်လာရုစ်နယ်မြေအတွင်း ဒီဒုံးကျည်စနစ်ကို တပ်ချထားဖို့ သဘောတူခဲ့ကြပါတယ်။
Source: Reuters


