
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပြီး အဓိကနေရာတွေကို ပိတ်ဆို့သိမ်းပိုက်တဲ့ပုံစံ စစ်ရေးလေ့ကျင့်မှုကြီးတခုကို ဒီဇင်ဘာ ၂၉ ရက်မှာ စတင်ပြုလုပ်နေပါတယ်။
ထိုင်ဝမ်ဘက်ကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် တန်ဖိုးတွေကို ကာကွယ်သွားမယ်လို့ တုံ့ပြန်ခဲ့ပြီး တပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားပါတယ်။
ထိုင်ဝမ်ခွဲထွက်ရေးသမားတွေကို သတိပေးဖို့ရည်ရွယ်တဲ့ Justice Mission 2025 စစ်ရေးလေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေ နဲ့ ရော့ကတ်တပ်ဖွဲ့တွေ ပါဝင်ပြီး ကျည်အစစ်တွေနဲ့ လေ့ကျင့်နေတာ ဖြစ်ပါတယ်။
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံဖိုး လက်နက်ရောင်းချမယ်လို့ ကြေညာပြီး ရက်ပိုင်းအကြာမှာပဲ တရုတ်ဘက်က အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာ ဖြစ်ပါတယ်။
အရှေ့ပိုင်းစစ်ဒေသကွပ်ကဲမှုဌာနချုပ်က ထိုင်ဝမ်ရေလက်ကြားရဲ့ မြောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ တပ်ဖွဲ့တွေကို စုစည်းထားပြီး ကုန်းတွင်းနဲ့ ပင်လယ်ပြင် ပစ်မှတ်တွေကို ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။
ကျွန်းရဲ့ အဓိကဆိပ်ကမ်းတွေကို ဝိုင်းပတ်ပိတ်ဆို့တဲ့ အဓိကစစ်ရေးလေ့ကျင့်မှုကြီးကိုတော့ ဒီဇင်ဘာ ၃၀ ရက် မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ကတော့ တရုတ်ရဲ့ ကျူးကျော်မှုကို ဟန့်တားနိုင်ဖို့အတွက် အခက်အခဲတွေကို ဆက်လက်မြှင့်တင်ထားဖို့ လိုအပ်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်က ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ်က ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်လာရင် စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ပြောဆိုခဲ့ပြီး နောက်ပိုင်း ဒေသတွင်း တင်းမာမှုတွေ အရှိန်အဟုန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


