
ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ညမှာကစားမဲ့ လီဗာပူးနဲ့ ဝုဗ်အသင်းတိုရဲ့ ပွဲစဉ်မှာ ကွယ်လွန်သူ ဒီယေဂိုဂျိုတာရဲ့ သား ၂ ယောက်ကို လာဘ်ကောင်ကလေးငယ်တွေနဲ့အတူ ကွင်းထဲကို ဝင်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ ဝုဗ်နဲ့ လီဗာပူး ၂ သင်းစလုံးမှာ ပါဝင်ကစားခဲ့သူပါ။ အခုနှစ် ဇူလိုင်လက စပိန်နိုင်ငံမှာ ကားမတော်တဆမှုကြောင့် အစ်ကိုဖြစ်သူ အန်ဒရီဆေးလ်ဗားနဲ့အတူ ကွယ်လွန်သွားခဲ့ တာပါ။
ဂျိုတာကွယ်လွန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းဟောင်း ၂ သင်း ထိပ်တိုက်တွေ့ ဆုံချိန်မှာ ဂျိုတာရဲ့ သား ၂ ယောက်ကို ကွင်းထဲဝင်မဲ့ အစီအစဉ်မှာ ပါဝင်စေခဲ့တာပါ။
ဂျိုတာဟာ ၂၀၁၇ ခုနှစ်က ပေါ်တိုကနေ ဝုဗ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ၁၈ ဂိုးအထိ သွင်းခဲ့တာပါ။
ဝုဗ်အသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။
Photo: Reuters


