
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ မတရားဖမ်းဆီးမှုတွေကြောင့် နိုင်ငံစွန့်ခွာခဲ့ရတဲ့ အနုပညာရှင်များ စုဖွဲ့ထားတဲ့ Artists’ Shelter အဖွဲ့က စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝ လက်မခံကြောင်း ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီအဖွဲ့မှာ ပါဝင်တဲ့ အနုပညာရှင်တွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကတည်းက အာဏာရှင်စနစ်နဲ့ ဖက်ဆစ်လုပ်ရပ်တွေကို ကိုယ်တိုင် ရင်ဆိုင်တော်လှန်ခဲ့သူတွေ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ လွန်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလအတွင်း လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့် စတဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံကို ပျက်သုဥ်းရေးဘက် ဆွဲခေါ်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူတွေ လက်မခံတဲ့ အတုအယောင် ရွေးကောက်ပွဲ အပါအဝင် စစ်အုပ်စုရဲ့ လုပ်ရပ်အားလုံးကို ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း Artists’ Shelter က အတိအလင်း ထုတ်ဖော် ပြောကြားထားပါတယ်။


