
တိုက်စစ်မှူးဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို လိုက်ပါတယ်။
အသက် ၃၉ နှစ်ပြည့်တော့မဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ မက်ဆီနဲ့အတူ နောက်ထပ် တစ်နှစ် တွဲဖက်ကစားခွင့်ရမှာဖြစ်ပြီး ဘူးစကွက်စ်နဲ့ ယော်ဒီအယ်လ်ဘာတို အနားယူသွားခဲ့ပေမဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့က မိုင်ယာမီအသင်းတိုက်စစ်ကို ဆက်လက်ဦးဆောင်ကစားကြမှာပါ။
ဆွာရက်ဇ်ဟာ မိုင်ယာမီနဲ့ စုစုပေါင်းပွဲ ၅၀ မှာ ၁၇ ဂိုးသွင်းခဲ့ပြီး ၁၇ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပြီး အသင်းနဲ့အတူ မေဂျာလိဂ်ရူံးထွက်ဖလားရယူပေးနိုင်ခဲ့ပါတယ်။
မိုင်ယာမီအသင်းဟာ ရီးရဲမက်ဒရစ်နဲ့ စပါးဘယ်နောက်ခံလူဟောင်း ရက်ဂူလွန်ကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူ ထားပါတယ်။
မိုင်ယာမီအသင်းဟာ မက်ဆီကိုတော့ ၂၀၂၈ ခုနှစ် အောက်တိုဘာလ အထိ စာချုပ်သက်တမ်းတိုး ထားပါတယ်။
Photo: Reuters


