
မန်ယူတိုက်စစ်ကစားသမား မက်သီယက်စ်ကူညာကို အဲရစ်ကန်တိုနာနဲ့ နှိုင်းယှဉ်ပြီး အသင်းဂန္ထဝင်ပေါလ်အင့်က ချီးကျူးသွားပါတယ်။
ကူညာဟာ ဘုန်းမောက်နဲ့ ၄ ဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ တဂိုးသွင်းခဲ့ပြီး နံပါတ် ၉ တိုက်စစ်မှူးနေရာမှာ ပွဲထွက်ကစားသွားတာပါ။
အဲဒီပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့ ပေါလ်အင့်ကတော့ ကူညာရဲ့ကစားပုံကိုမြင်ရတာက အဲရစ်ကန်တိုနာကို အမှတ်ရစေကြောင်း၊ ကူညာဟာ နည်းစနစ်ပိုင်းအရကောင်းမွန်သလို ဘောလုံးနဲ့အတူလည်း ပြေးလွှားနိုင်သူဖြစ်ပြီး ပြိုင်ဘက်ခံစစ်တန်းကို ဖရိုဖရဲဖြစ်အောင် စွမ်းအားအပြည့်နဲ့ ကစားနိုင်သူဖြစ်ကြောင်း ပေါလ်အင့်က ပြောပါတယ်။
အမ်ဘူမိုဟာလည်း ကစားသမားကောင်းတယောက်ဖြစ်ပေမဲ့ ကူညာက ပိုမြန်ပြီး သူ့ကို မန်ယူ နိုက်တက်မှာမြင်တွေ့ရတဲ့အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း ကွင်းလယ်ကစားသမားဟောင်း ပေါလ်အင့်က ပြောသွားပါတယ်။
Photo: Reuters


